Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Thursday, January 19, 2012

သူ့ဆုတောင်း


အိုင်ယာလန်နိုင်ငံရှိ ဆုတောင်းပြည့်ရေတွင်းကြီးသို့ လူလတ်ပိုင်းအရွယ်

စုံတွဲနှင့် မိတ်ဆွေတစ်ယောက်တို့ ရောက်ရှိလာကြသည်။

ခင်ပွန်းသည်က အကြွေတစ်စေ့ကို တွင်းထဲပစ်ချပြီး ငြိမ်သက်စွာအာရုံပြု

ဆုတောင်းနေသည်။ ဇနီးသည်ကလည်း သူ့ခင်ပွန်းကဲ့သို့ ပြုလုပ်လိုက်သည်။

သို့သော် အကြွေစေ့ပစ်ချစဉ် အရှိန်လွန်ခြေချော်ကာ

တွင်းထဲသို့လိမ့်ကျသွားသည်။

လောလောလတ်လတ် မုဆိုးဖိုဖြစ်သွားသည့် ခင်ပွန်းဖြစ်သူက သူ့မိတ်ဆွေကို

လှည့်ပြောလိုက်သည်။

“ချက်ချင်းဆုတောင်းပြည့်တာ အံ့စရာပဲဗျာ”

နေပါစေ


ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။

ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး.

သမီးရည်းစားသိကောင်းစရာ



ချစ်သူမိန်းကလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်


BEER သောက်လျှင် ..အပြစ်မမြင်......ချစ်ချစ်ခင်ခ​င်..နေရမည်.
အခြားမိန်းကလေးရှူ့ လို့ငေး...မမြင်ချင်ယောင်ဆောင်​ရမည်
ချိန်းလို့တွေ့က..ချစ်ချစ်အား..​.. တနေ့သုံးခါ နမ်းရမည်
ချစ်သူဘဲအား..အလေးထား..ရိုရိုသေ​သေပြောရမည်
ဗြောင်လိမ်ဗြောင်စား ထိုနှစ်ပါး သည်းညည်းများလည်း ခံရမည်..။
ချစ်သူ ပြောတိုင်းမှာ ခေါင်းညိတ်ကာ.ဟုတ်ကဲ့ များ လည်း ပါရမည်..။
ထိုအရာများ.......မလိုက်နာငြား လူပျိုကြီး နှင့်ပင် ကျန်ရစ်မည်..:PPP..........။

ချစ်သူယောကျာ်းလေး လိုက်နာရမည့် ရည်စားကျင့်ဝတ် ( ၆ ) ချက်
ညာခိုင်းခဲ့လျှင် အပြစ်မမြင် ကြည်ကြည်ဖြူဖြူလုပ်ရမည်
ဘဲလေးချောချော ငေးနေလျှင် မုဒိတာလည်းပွားရမည်
ချိန်းလို့တွေ့က ကိုကိုက ကုန်ကျသမျှ ရှင်းရမည်
ချိန်းသူ မေအား အလေးထား တစ်နာရီခန့်စောင့်ရမည်
ပေါ်တင်လိမ်လျှင် ''''အ ''''သလိုပင် မသိချင်ယောင်ဆောင်ရမည်...။
စိတ်ကောက်တိုင်းရာ ချော့ဖို့ ရာ တော်ကီများလည်းညက်ရမည်။
ထိုအရာများ မလိုက်နာငြား..apyogyi နှင့်ပင် ကျန်ရစ်မည်

အဲ့ဒီမြင်း

ယောကျာ်းဖြစ်သူက နံနက်ခင်းကော်ဖီသောက်နေပါတယ်။ဒီအခိုက်

သူ့မိန်းမ ဖြစ်သူအနားရောက်လာပြီး သူ့ယောကျာ်းရဲ့ဇက်ပိုးကိုအုပ်လိုက်ပါတယ်။

"ရှင့် ဘောင်းဘီအိပ်ထဲမှာမေရီလို့နာမည်ထိုးထားတဲ့စာရွက်တစ်ရွက်တွေ့တယ်။ရှင်ဘယ်လိုငြင်းမလဲ"

မိန်းမကဒေါသနဲ့ပြောပါတယ်။

"စိတ်အေးအေးထားစမ်းပါမိန်းမရာ ပြီးခဲ့တဲ့အပါတ်ကကိုယ်မြင်းပွဲသွားတာမင်းမမှတ်မိဘူးလား

အဲဒါကိုယ်လောင်းတဲ့မြင်းမရဲ့နာမည်ပေါ့"

ယောကျာ်းကရှင်းပြပါတယ်။

နောက်တစ်နေ့မနက်မှာတော့မိန်းမဖြစ်သူကဗြုန်းကနဲပေါက်ချလာပြီး ယောကျာ်းလုပ်သူကိုရိုက်လိုက်ပါတယ်

"ဒါကဘာဖြစ်ရပြန်တာတုန်း"

ယောကျာ်းလုပ်သူကမကျေမနပ်ပြောတော့---

"ရှင့်မြင်းမက မနေ့ညက ဖုန်းဆက်တယ်ရှင့်.......

ချစ်လွန်းလို့

တုန်တုန်ယင်ယင်ဖြစ်နေတဲ့မိန်းမတစ်ယောက်ဟာအလုပ်ခွင်ကယောကျာ်းထံဖုန်းဆက်ပါတယ်။

"ကျွန်မထီပေါက်ပြီရှင့်ရှင့်အ၀တ်အစားတွေထုပ်ပေတော့"

"ကောင်းတာပေါ့ နွေရာသီအ၀တ်အစားလား?ဆောင်းရာသီအ၀တ်အစားလား?"

ယောကျာ်းကပြန်မေးပါတယ်။

"နှစ်ခုစလုံးပဲရှင့်။ည ခြောက်နာရီတိတိမှာ ရှင်အိမ်ပေါ်ကဆင်းစေချင်တယ်"

Wednesday, January 18, 2012

ဝိုင်နီဝိုင်ဖြူ


လင်မယားနှစ်ယောက် အိမ်ထောင်သက်နှစ်(၃ဝ)ရှိခဲ့ပြီ။ တစ်နေ့မှာယောက်ျားဖြစ်သူက မိန်းမကို လေသံအေးအေးနဲ့ "မိန်းမရေ... ငါတို့လက်ထပ်ခဲ့တာ နှစ်(၃ဝ)ရှိခဲ့ပြီ။ နင်လည်း ပင်ပန်းခဲ့ပြီ။ ဒါကြောင့် နောက်တစ်ပတ်ကစပြီး နင့်ကိုရာထူးတိုးပေးမယ်" လို့ပြောတယ်။

ယောက်ျားရဲ့အပြောကိုကြားတော့ မိန်းမက ဝမ်းသာအားရနဲ့ "ဘာရာထူးတိုးပေးမလို့လဲ?" မေးတယ်။

"အင်း.... နောက်တစ်ပတ် ငါမယားငယ်ယူမလို့၊ အဲတာ နင့်ကို မယားကြီးရာထူးပေးမယ်" ဆိုပြီး ရက်မကြာခင်မှာ ယောက်ျားက မယားငယ်ယူလိုက်တယ်။

ဒါနဲ့ မယားကြီးက ယောက်ျားကို "ရှင်က မယားငယ်ယူပြီဆိုတော့ ညအိပ်တဲ့အခါ ဘယ်လိုစီစဉ်ထားသလဲ? တစ်ရက်ခြားစီ အိပ်မှာလား? သေချာကြိုပြောထားနော်။ ကျွန်မက ငြင်းခုန်ရန်ဖြစ်တာမျိုး မလိုချင်ဘူး။ ပြီးတော့ တရားမျှမျှလုပ်နော်။ တနင်္ဂနွေနေ့ကို ရှင့်နားရက်လို့ သတ်မှတ်လိုက်မယ်"

ယောက်ျားက ခဏလောက်စဉ်းစားပြီး "အင်း... ညစာစားတဲ့အချိန် ငါဝိုင်နီသောက်ခဲ့ရင် မယားငယ်နဲ့အိပ်မလို့။ တကယ်လို့ ဝိုင်ဖြူသောက်ခဲ့ရင် နင်နဲ့အိပ်မလို့... အဲလိုပဲမှတ်လိုက်။ ဒီညက သူနဲ့ယူစဆိုတော့ ငါ ဝိုင်နီသောက်မယ်ကွာ" လို့ ပြောတယ်။

မင်္ဂလာညမို့ မယားကြီးကလည်း ယောက်ျားကို မနှောင့်ယှက်ချင်တာနဲ့ ဘာမှမပြောဘဲ စူပုတ်ပုတ်နဲ့ ကိုယ့်အခန်းထဲဝင်သွားခဲ့တယ်။

နောက်တစ်နေ့ ညစာစားတော့ မယားကြီးက ယောက်ျားကိုမေးတယ်။

"ကဲ... ဒီည ဘယ်လိုလဲ?"

"အင်း.. မနေ့ညက သောက်ထားတဲ့ ဝိုင်နီကတစ်ဝက်ကျန်သေးတယ်။ မသောက်ဘဲ ဒီအတိုင်းထားရင် အရသာပျက်သွားတတ်တယ်။ နှမြောစရာကြီး.. ဒီညလဲ ငါဝိုင်နီသောက်ပါရစေနော်"

အဲဒီလိုနဲ့ ယောက်ျားကို ဝိုင်နီပေးသောက်လိုက်ပြန်တယ်။ တတိယညရောက်တော့ မယားကြီးက မေးပြန်တယ်။

"ကဲ... ဒီညရော!"

"ဝိုင်နီကသောက်လေ အရသာတွေ့လေပဲ။ ဒါကြောင့် ဒီညလဲ ငါဝိုင်နီသောက်ချင်တယ်ကွာ"

ယောက်ျားစကားနားထောင်ပြီး မယားကြီးကဒေါသထွက်ထွက်နဲ့ ယောက်ျားကို ခပ်ပြင်းပြင်းတစ်ချက် ရိုက်ပစ်ပြီး ပြောလိုက်တယ်။

"ဟဲ့.. အဘိုးကြီးစုတ် .. ရှင်က "ဝိုင်ဖြူ"ကို မသောက်ဘဲနေတော့မလား? ဘာလဲ "ဝိုင်ဖြူ" ကို "ဧည့်သည်တွေ ဧည့်ခံဖို့အတွက်" ထားထားတာလား!" ဟူတည်း

ရှေ့ ပြောနောက်ကြည့်

“ဘာလို့ အလုပ်က ထွက်လာတာလဲ” “သူဌေးက အပြောအဆိုမတတ်လို့ပါ” “ဟေ ဘယ်လိုပြောလို့လဲ” “ကျွန်မကို သိပ်လှတာပဲတဲ့” “ဒါလောက်ကလေး ပြောတာနဲ့ စိတ်ဆိုးရသလား” “ကျွန်မက စိတ်မဆိုးပါဘူး၊ သူ့မိန်းမစိတ်ဆိုးသွားတာ၊ သူ့မိန်းမရှေ့ပြောတာကိုး”

သည်းခံတက်သောမိန်းမ


ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂၀ ကျော်နေပြီ၊ စညားကတည်းက ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊ ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန် တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

Tuesday, January 17, 2012

မှန်သလားလို့ပါ


သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက်
ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့်
ပြောသည်။
``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
``ဖေဖေ ပြောတာမှန် မ မှန်သိချင်လို့ပါ။မေမေ၊ဖေဖေက အိမ်က အစေခံ
မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့ နောက်စေ့မှာလည်း
မျက်စိပါတယ်`
တဲ့။´´

ယောက်ျားတို့၏ စေတနာ


သားငါးနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ အပြည့်ပါသည့်ဈေးခြင်းကို အနိုင် နိုင်
ဆွဲကြာ့ပန်ရောက်လာသည့် ဇနီးသည်ကိုကြည့်ကာ ယောကျာ်းဖြစ်သူကပြောသည်။
``မင်း အသက်အရွယ်နဲ့ ဒီလိုအလေးအပင် ဆွဲနေတာကို ငါမကြည့်နိုင်ဘူးမိန်းမရေ၊
ဒီနေ့က စပြီးရပ် လိုက်ဖို့လိုပြီ။´´
``ရှင်က ဘယ်လို အကြံပေးချင် လို့လဲ။´´
``ဈေးကို နှစ်ခေါက်သွား။´´

လက်ထပ်ခွင့်ပန်ပြီးတဲ့အချိန်


အမျိုးသား- အင်း နောက်ဆုံးတော့လည်း အကြာကြီးစောင့်ရကျိုးနပ်ပါတယ်
အမျိုးသမီး-ဟင်းနော်....ထားသွား
လိုက်ရမလား?
အမျိုးသား-အမယ်လေး စိတ်ကူးထဲတောင် မထည့်လိုက်ပါနဲ့
အမျိုးသမီး--တကယ် ချစ်ရဲ့ လားဟင်?
အမျိုးသား-ဒါပေါ့ ဒီထက်တောင်ပိုသေးတယ်
အမျိုးသမီး-ကျွန်မကို အရူးလုပ်မှာလား
အမျိုးသား- ဘုရားစူးရစေရဲ့  ဒီမေးခွန်းမျိုး မေးတောင်မမေးပါနဲ့လား
အမျိုးသမီး-ကျွန်မကို နမ်းချင်သလား ဟင်?
အမျိုးသား-အချိန်မရွေးပဲ
အမျိုးသမီး- နှိပ် ကော နှိပ်စက်မှာလား?
အမျိုးသား- မင်းရူးများရူးနေလားကွာ
အမျိုးသမီး-ကျွန်မ မောင့်ကို စိတ်ချရပါတယ်နော်?
အမျိုးသား-အင်း
အမျိုးသမီး-မောင်ရယ်...

လက်ထပ်ပြီးတဲ့အခါ....
အပေါ်က စကားလေးတွေကို အောက်ကနေသာ ပြန်စဖတ်လိုက်ပါ

တစ်ချက်ခုတ် နှစ်ချက်ပြတ်


အလုပ်တိုက်တစ်ခုတွင် ဖြစ်သည်။ တယ်လီဖုန်း ခေါင်းလောင်းသံသည် ဆူညံမြည်ဟည်းလျက် ရှိသည်။
ချစ်စရာကောင်းသော စာရေးမလေးတစ်ဦးသည် ကနွဲ့ကလျနှင့် ထိုင်ရာမှထပြီး တယ်လီဖုန်းစကားပြောခွက်ကိုကောက် ကိုင်ကာ စကားပြောနေသည်။
"ဆရာ..တယ်လီဖုန်း လာနေတယ်" " ဘယ်ကလဲဟေ.့.. " "ဆရာ့ အမျိုးသမီးဆီကပါ၊ သူက ဆရာ့ကို မွှေးမွှေး ပေးချင်လို့တဲ့. "
 "အိုကွာ....ငါ အလုပ်တွေ သိပ်များနေတယ်။
မင်းပဲခဏလောက် လက်ခံထားလိုက်စမ်းပါ၊ ထမင်းစားချိန်ရောက်မှ ငါ မင်းဆီကတစ်ဆင့် ယူတော့မယ် "

အချစ်


"မောင့်ကို ချစ်ရဲ့လားဟင်"
"အရူးအမူးကို ချစ်တယ်"
"မောင့်အတွက် အသက်ကို အသေခံနိုင်ပါ့မလား."
"ဟင့်အင်း.....ခင့်အချစ်က အမြဲတမ်း ရှင်သန်နေတဲ့ အချစ်လေ"

ချစ်တဲ့အကြောင်းပဲပြောပါ


"ရှင် ကျွန်မကို ချစ်တယ်နော်"
"သိပ်ကို ချစ်တယ်"
"အဲဒါဆို ဘယ်တော့ လက်ထပ်ကြမလဲဟင်"
"ဟေ့ ဟေ့...ခေါင်းစဉ်ကို ဗြုန်းစားကြီး ပြောင်းမပစ်နဲ့လေ."

နောင်တ


"လက်မထပ်ခင်တုန်းက ငါ့မိန်းမကို ငါဘယ်လောက် ချစ်သလဲဆိုရင် တစ်ခါတလေ
သူ့ကို ကိုက်စားချင်စိတ် ပေါ်မိတယ်"
"အခုကော"
"မစားလိုက်မိတာ မှားလေခြင်းလို့ နောင်တရတယ်"