Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Thursday, January 19, 2012

ရပါတယ်

အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။
“ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှသုံးစားလို့ မရတော့ဘူးလား”
“ဟာ…ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ – မီးလောင်တာတို့၊ ရေနစ်တာတို့၊ဓပြတိုက်ခံရတာတို့ဆိုရင်
ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။တကယ်ပြောတာ”


Tuesday, January 17, 2012

နားလေးသူမို့ပါ


" ခုနက စတိတ်ရှိုးပေါ်မှာ အသံပြဲကြီးနဲ့ ဟဲဗီးသီချင်းဆိုသွားတာ ခင်ဗျားမဟုတ်လား "
" ဟုတ်ပါတယ် ၊ ကျွန်တော်က တက်သစ်စဟဲဗီးအဆိုတော်ပါ "
" ဒါဆိုတစ်ဆိတ် ကူညီစမ်းပါ ။ ပွဲခင်းထဲမှာ ကျုပ်မိန်းမနဲ့
လူချင်းကွဲသွားလို့ ခပ်ကျယ်ကျယ်အော်ပေးစမ်းပါ ။ သူက နားနည်းနည်းလေးတယ်