Showing posts with label ယောက္ခမ. Show all posts
Showing posts with label ယောက္ခမ. Show all posts

Thursday, January 19, 2012

သမက်ရဲ့ စေတနာ


“ယောကျာ်းရေ မေမေကပြောနေတယ်။ ရှင်ပြောတဲ့ဟာသတွေက အရမ်းရယ်ရလွန်းလို့

အူတက်ပြီး သေမတက်ပဲတဲ့”

“တကယ်လား၊ ဒါဆို ဒီထက်ပိုရယ်ရတဲ့ ဟာသတွေ ပြောပြပေးမယ်”

Tuesday, January 17, 2012

ယုံပါ


လူတစ်ယောက်က သူ့ သူငယ်ချင်းကိုဆေးခန်းလိုက်ပို့ ပြီး ဆေးခန်းမှဆရာဝန်ကို...
"ဒီတစ်ခါ သူစိတ်ဖောက်တာတော်တော်ကြမ်းတယ် ဆရာ"
"ဟုတ်လား ဘာတွေလုပ်သလဲ"
"သူ့ ယောက္ခမကြီးကို ကျွန်တော့်မိကျောင်းကန်ထဲတွန်းချတယ်ဆရာ"
"ဘာဖြစ်သွားသေးလဲ"
"မိကျောင်းနှစ်ကောင်သေသွားတယ်ဆရာ"

သတင်းကောင်း

လူရွှင်တော်မင်းသားတစ်ဦးသည် အချိန်အတန်ကြာ ရုပ်ရှင်ကား ရိုက်ရန် မည်သည့် ကုမ္ပဏီမှ မဖိတ်ခေါ်သဖြင့် စိတ်ဓာတ်ကျလျက်ရှိသည် တစ်နေ့ အိမ်သို့ ပြုံးပြုံး ရွှင်ရွှင်နှင့်ရောက်ရှိလာပြီး ကုမ္ပဏီတစ်ခုနှင့် ကားရိုက်ရန် စာချုပ် ချုပ်လိုက်ပြီဖြစ်ကြောင်း၊ မနက်ဇြန်တွင် နယ်ထွက်ရိုက်ရမည်ဇြစ်ကြောင်း ဇနီးဖြစ်သူအားပြောသည်။ ``သူတို့ စိတ်ပြောင်းခဲ့ရင် ဒီနေ့ ည ၁၂-နာရီ မတိုင်မီ ကြေးနန်းနဲ့ အကြောင်းကြားမယ်ကွ။´´ ည ၁၂-နာရီ မတိုင်မီ ၅ မိနစ် အလိုတွင် ကြေးနန်းရုံးမှ ကြေးနန်းစာ လာပို့သည်။မင်းသားသည် မျက်နှာ အပျက်ကြီး ပျက်ကာ ကြေးနန်းစာကို ဖွင့်မဖတ်ဝံ့အောင် ဖြစ်နေသည်။မိန်းမက တိုက်တွန်းသည်။ ``ဖတ်မှာသာဖတ်စမ်းပါ၊ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူပြောနိုင်တာမှတ်လို့။´´ လက်နှစ်ဘက် တုန်တုန် ယင်ယင်ဖြင့် ကြေးနန်းစာကို မင်းသားဖွင့်သည်။တဖြည်းဖြည်းနှင့် ၎င်း၏မျက်နှာ ရွှေလမင်း လိုဝင်းလက်လာသည်။ထို့နောက် ကုလားထိုင်မှ ထခုန်ကာ ၀မ်းသာအားရပြောသည်။ ``ဟေး ဟေး ဟေး၊ဟန်ကျလိုက်တာ၊စာချုပ်ကို သူတို့မဖျက်ဘူးဟေ့၊အခုကြေးနန်းက မင်းအမေ သေကြောင်း အကြောင်းကြားတဲ့ ကြေးနန်းကွ ရော့ ဖတ်ကြည့်။´´

လွှတ်ပေးလိုက်မယ်


..နေရာတကာ စွာကျယ်စွာကျယ် ဝင်လုပ်နေသည့် ယောက္ခမကို ကိုမြက် သည်းမခံနိုင်တော့သည်နှင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဘက်ကို
ဆွဲကိုင်ကာ ကိုးထပ်တိုက်ခန်း ပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည် ။
...ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုမြက်အကြား စကားပြောခန်း
မှာ ဤသို့ဖြစ်သည် ။


“ တစ်အိမ်ကျော်က ကိုမင်း သူ့ယောက္ခမကို ဘာလုပ် လိုက်တယ်ဆိုတာ
သိလား..၊”

ယောက္ခဖြစ်သူ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေသည် ။“ ဟင့်အင်း”

“ယောက္ခမကို ကိုမင်း ပေါက်ဆိန်နဲ့ခုတ်သတ်လိုက်တယ်ဗျ..၊
အောက်ထပ်က ကိုကြည်သာ ကျတော့ သူ့ယောက္ခမကို ဘယ်လို လုပ်လိုက်သလဲ သိလား..၊”

“ ဟင့်အင်း”
“ သူ့ယောက္ခမ ကို ရေနစ် သတ်ပစ်လိုက်တယ် ။
အဲ....ကျွန်တော်ကတော့စိတ်ကောင်းရှိတဲ့လူ ။
ဒါကြောင့် အန်တီကို ကျွန်တော် လွှတ်ပေးလိုက်မယ် ။
ကိုင်း...သွားပေတော့..”