Myanmar Cartoon World
Home
Saturday, January 21, 2012
မလာသေးလို့ပါ
တစ်နေ့မှာဆရာဖြစ်သူက ကျွန်တော်သာမန်နေဂျာဖြစ်ခဲ့ရင် ဆိုပြီး စာစီကုံခိုင်းပါတယ်။
ကျောင်းသားတွေအကုန်လုံးကိုယ်စီရေးနေကျပေမယ့် တစ်ယောက်ကမရေးဘူး။
ဒီတော့ဆရာက ကျောင်းသားနားသွားပြီး-
မင်းဘာလို့မရေးတာလဲ
အတွင်းရေးမှူးမလာသေးလို့ပါ
အမေး နှင့် အမေး
-မင်းသင်္ဘောစီးလာပြီး အခုထက်ထိ ရေမကူးတတ်သေးဘူးလား။
-ခင်ဗျားရောအခုထက်ထိလေယဉ်ပျံစီးနေပြီး မပျံတတ်သေးဘူးလား
မှန်လိုက်လေ
၁၈ရာစုထဲက အဖြစ်အပျက်တစ်ခုကိုပြောပြပါ
အားလုံးသေကုန်ပြီ
လူသက်သေ
- ကမ္ဘာကြီးလုံးတဲ့အကြောင်းသက်သေပြစမ်းကွာ
- အမေကလဲပြောပါတယ်။ အဖေကလဲပြောပါတယ်။ အစ်မကလဲပြောပါတယ်။ နောက်ပြီး ခုဆရာလဲပြောပါတယ်။ ဒါ့ကြောင့်ကျွန်တော်လက်ခံပါတယ်။
Thursday, January 19, 2012
သြော်......
- မင်းကိုပုံဆွဲခိုင်းထားတာ ဘာလို့မဆွဲသေးတာလဲ
- ဆွဲပြီးပါပြီ
- ဟင်ဘာမှလဲမရှိဘူး
- ဒီမှာပါ နွားမတစ်ကောင်မြက်စားနေတုန်းတွတ်ပီကသေနတ်နဲ့ပစ်နေတဲ့ပုံပါ။
- ဒါဆိုတွတ်ပီကဘယ်မှာတုန်း
- သေနတ်နဲ့ပစ်ပြီးမမှန်လို့ထွက်သွားပါပြီ
- ဒါဆို မြက်ပင်တွေကရောကွာ
- နွားစားလို့ကုန်သွားပါပြီ
- အေး ဒါဆိုနွားကိုပြကွာ
- အော်ဆရာရယ်! မြက်ပင်မရှိမှတော့ နွားကအဲ့နားမှာ ဘာလုပ်နေတော့မှာတုန်း။
ရှာဖွေတွေ့ရှိသူ
ဆရာ။ ။မောင်မောင် ကမ္ဘာ့မြေပုံထဲက အမေရိကတိုက်ကိုရှာပြစမ်းကွာ
မောင်မောင်။ ။ဒီမှာပါ
ဆရာ။ ။ အေးမှန်တယ်။
ပီတာလေး အမေရိကတိုက် ကို ဘယ်သူရှာဖွေတွေ့ရှိခဲ့တာလဲ
ပီတာလေး။ ။မောင်မောင်ပါဆရာ
သတိ ဖြည်းဖြည်း
ဆရာ။ ။ မင်းဘာကြောင့်ကျောင်းအမြဲနောက်ကျနေတာတုန်း
ပီတာလေး။ ။ လမ်းမှာသတိပေးနေလို့ပါဆရာ။ ကျောင်းရှိသည်ဖြေးဖြေးတဲ့
Newer Posts
Older Posts
Home
Subscribe to:
Posts (Atom)