Tuesday, January 17, 2012

အကောင်းဆုံးသမားတော်

အရင်တုန်းကမြို့ တစ်မြို့ မှာဆေးဆရာတွေချည်းဘဲ့စုပြီးနေတဲ့ရပ်ကွက်တစ်ခုရှိတယ်........ ထူးခြားတာက ဆေးဆရာတစ်ယောက်ယောက်ကကုလို့ လူနာတစ်ဦးဦးသေဆုံခဲ့ရင် အုန်ခွံ တစ်ခု ကို ကုတဲ့ဆရာရဲ့ အိမ်ရှေ့မှာလူမြင်အောင်ချိပ်ဆွဲထားရတယ်.......၂ယောက်သေရင် ၂ခု ။ ၃ ယောက် သေရင်ရင် ၃ ခုပေါ့......... တစ်နေ့ .... တခြားရပ်ကွက်က သားဖနှစ်ဦးမှာ ဖအေလုပ်တဲ့သူကအတော်ကြီးနေမကောင်ဖြစ်တော့ သားဖြစ်တဲ့သူ ကို ဆေးဆရာ ရပ်ကွက်သွားပြီး အကောင်းဆုံး သမားတော်ကိုရွှေးပြီး ပင့်ခဲ့ဖို့ ခိုင်းလိုက်တယ်..... သားဖြစ်တဲ့သူလည်း အဲဒီရပ်ကွက်သွာပြီး အကောင်းဆုံး သမားတော်ကို လိုက်ရှာတယ်....... ဒါပေမယ့် ...တစ်ယောက်မှစိတ်တိုင်းမကျဘူးတဲ့....ဘာကြောင့်လဲဆိုတော့ ဆေးဆရာတွေရဲ့ အိမ်ရှေ့တွေမှာက အုန်ခွံတွေ ပလူပျံနေလို့ လေ......တစ်ချို့ အိမ်တွေက အခု ၂၀ ၊ ၃၀ ...တစ်ချို့  အိမ်တွေဆိုအများကြီးဘဲ့တဲ့....အုန်ခွံ ဆွဲမထားတဲ့အိမ် ကတော့ တစ်အိမ်တောင်မရှိဘူးတဲ့..... သားဖြစ်တဲ့ သူလည်းစိတ်ညစ်ညစ်လိုက်ရှာလိုက်တာ... ရပ်ကွက် အစွန်နားရောက်တော့ အုန်ခွံနှစ်ခုတည်းဘဲ့ဆွဲထားတဲ့ ဆေးဆရာတစ်ယောက်ရဲ့ အိမ်ကို ရှားရှားပါးပါးတွေရသတဲ့......သားဖြစ်တဲ့ သူလည်းဝမ်းသာအားရနဲ့ အိမ်ကိုပင့်လာပေါ့..... ဆေးဆရာ လည်းအိမ်ရောက်တော့... လူနာအခြေအနေကြည့်ပြီး....ဆေးတွေတိုက်....ဆေးတွေပေးပြီး .....အပြန်ကျတော့ သားဖြစ် တဲ့သူကပြန်လိုက်ပို့ တာပေါ့...... လမ်းရောက်တော့ သားဖြစ်တဲ့သူကစကားစတယ်...... "ဆရာက အိမ်ရှေ့ မှာအုန်းခွံ နှစ်ခုတည်း ဘဲ့ ဆွဲထားတယ်ဆိုတော့ အတော်စွမ်းတာဘဲ့နော်"..တဲ့..... "ဒါနဲ့ ဆရာကလူနာဘယ်နှစ်ယောက်ကု ဖူးလဲ"....လို့ ဆက်မေးတယ်.... ဆေးရာကြီး ရဲ့ အဖြေစကားကြောင့် သားဖြစ်တဲ့သူ မျက်လုံးပြူးသွားတယ်...... ဆေးဆရာကြီးက လက်ညိုးနှစ်ချောင်းထောင်ပြီးတော့ ပြန်ဖြေတယ်...... " ..နှစ်ယောက်......."

No comments:

Post a Comment