Thursday, January 19, 2012

မေမေလာမှပေးမယ်


လေးနှစ်အရွယ် ကလေးငယ်သည် တော်ဖီမစားရ၍ စိတ်ကောက်နေသည်။ ချော့မော့မရသဖြင့်
မိခင်က အလျှော့ပေးလိုက်သည်။

“မေမေတို့အိမ်ရဲ့ မျက်စောင်းထိုးဆိုင်မှာ နှစ်ခုသွားဝယ်စား။ ပြီးရင် မေမေလာရှင်းပေးမယ် ပြောလိုက်”
ကလေးငယ်သည် မျက်စောင်းထိုးဆိုင်တွင် တော်ဖီနှစ်ခုယူပြီးနောက်
ဆိုင်ရှင်ကို မေးလိုက်သည်။

“ဘယ်လောက်ကျလဲ ဦးဦး”

“ရပါတယ် သားသားရယ်၊ ဦးဦးကို တစ်ခါပဲ မွှေးမွှေးပေးခဲ့”

“ဟုတ်ကဲ့ ကျတဲ့တန်ဖိုးကို မေမေလာပြီး ရှင်းပေးလိမ့်မယ်”

No comments:

Post a Comment