Tuesday, January 17, 2012

ကျေးဇူးပဲ


အဘွားအိုတစ်ယောက်က ဇာ(သိုးမွေး)ထိုးနေတယ်…


ငယ်ရွယ်တဲ့မိန်းကလေးတယောက်က စာအုပ်ဖတ်နေတယ်..


ဆရာတစ်ယောက်က သူပြုစုထားတဲ့ စာတမ်းအကြောင်းကို အက်ကြောင်းအကြိမ်ကြိမ်ထပ်အောင် သူ့ဘေးကကျောင်းသားလေးကို ရှင်းပြနေတယ်ပေါ့..


ကျောင်းသားလေးကတော့ ဆရာပြောတာတွေနားထောင်ပြီး notes တွေလိုက်မှတ်နေပါတယ်..


သူတို့၎ယောက်က ရထားတွဲတစ်ခုရဲ့ မျက်နှာချင်းဆိုင်ခုံတန်းနှစ်ခုမှာစီးနင်းလိုက်ပါလာတာပါ..


ဒီလိုနဲ့ ရထားက မြေအောက်လိုဏ်ခေါင်းတခုကို ဖြတ်နေတဲ့အချိန်မှာ ရထားပေါ်ကမီးရောင်ကလဲ ရုတ်တရက်ခနငြိမ်းသွားပါတယ် ၁မိနစ်လောက်မရှိတရှိအချိန်လေးပါ..

ဘာမှမမြင်ရဘဲ မှောင်အတိကျသွားတယ်ပေါ့..


အဲဒီအချိန်လေးမှာပဲ ကျယ်လောင်တဲ့ kiss ပေးတဲ့အသံရဲ့ နောက်ဆက်တွဲမှာပဲ ဖြန်းခနဲ ပါးရိုက်သံတခုကို သူတို့ကြားလိုက်ရတယ်..


မီးပြန်လင်းလာတဲ့အချိန်မှာတော့ သူတို့၎ယောက်စလုံးက ပထမအတိုင်းပုံစံမပျက်ဘဲ ရှိနေကြပြန်တယ်..


ဒါပေမယ့် သူတို့အတွေးတွေက ဒီလိုရှိနေတယ်..


အဘွားအိုရဲ့အတွေးက.. "ကောင်လေးက မိန်းကလေးကို အမှောင်ထဲမှာ နမ်းလိုက်တာ ပါးရိုက်တာခံလိုက်ရတယ်.. .. ငါအသက်ကြီးနေတာကံကောင်းလို့ပေါ့" တဲ့


ဒီလိုပဲ ကောင်မလေးအထင်ကလဲ "ကောင်လေးငါ့ကိုနမ်းဖို့ကြိုးစားတာ အမှောင်ထဲမှာ အဘွားကြီးကို လူမှားပြီးနမ်းမိတာ ပါးရိုက်ခံလိုက်ရတယ်.. ရီစရာပဲ" ပေါ့


ဆရာကလဲစဉ်းစားတယ် .." ငါ့ကျောင်းသားက ကောင်မလေးကိုနမ်းလိုက်တာ ကောင်မလေးက လူမှားပြီး ငါ့ကိုပါးလာရိုက်တယ်.. ငါလဲမနမ်းလိုက်ရဘဲနဲ့ မတန်လိုက်တာပေါ့"


အဖြေမှန်ကိုသိနေတဲ့ ကျောင်းသားကောင်လေးကတော့ "အရသာရှိလိုက်တာ.. မှတ်ထား.. ငါ့ကိုတချိန်လုံးဆရာလုပ်ပြီး နားတွေပူထူအောင်အမြဲပြောတတ်တဲ့သူ" ဆိုပြီး စိတ်ထဲကနေကြိတ်ပြုံးနေလေရဲ့..

တကယ်တော့သူက အမှောင်ထဲမှာ သူ့ရဲ့လက်ခုံကို အသံမြည်အောင်နမ်းပြီး အဲဒီလက်နဲ့ပဲ ဆရာ့ပါးကို ဖြန်းကနဲနေအောင်ရိုက်ပစ်လိုက်တာသူပါ..

No comments:

Post a Comment