Tuesday, January 17, 2012

သိမှမသိတာကို


တခါကရွာတစ်ရွာမှာ မောင်လှဆိုတဲ့လူရွယ်တစ်ဦးရှိသတဲ့။
 မောင်လှအရွယ်ရောက်လာတော့ မိဘများက အိမ်ထောင်ချပေးချင်ပေမယ့် မောင်လှမှာ အောက်နှုတ်ခမ်းပြတ်နေလို့ ယူမယ့်လူမရှိဘူးတဲ့။
 တနေ့တော့ မိတ်ဆွေဟောင်းတစ်ဦး ဆီကတဆင့် တခြားရွာတစ်ရွာက သမီးပျို ကို မိဘချင်းစကား ကမ်းလှမ်းကြသတဲ့။
 မောင်လှမိဘများက သူတို့သား အောက်နှုတ်ခမ်း မရှိတာကို ဖုံးကွယ်ထားချင်တော့ မင်္ဂလာ အခမ်းအနားကို ညဘက်မှာပဲ မီးမှောင်ချပြီး ကျင်းပရမယ်လို့ အဆိုပြုတယ်။
 သတို့သမီးရှင်ဘက်ကလည်း ကန့်ကွက်ခြင်းမရှိတော့ မောင်လှရဲ့ မင်္ဂလာပွဲကို နေ့ကောင်းရက်သာရွေးပြီး
တညမှာ မီးမှောင်ချပြီး ကျင်းပကြသတဲ့။ မင်္ဂလာဦး ထမင်းစားဝိုင်းမှာ မောင်လှက ဟင်းချိုပူကြောင်းကို...
"ဟင်းချိုကလဲ ၀ူလိုက်တာ" လို့ပြောတော့ သတို့သမီးက ပြန်ပြောလိုက်ပုံက "၀ူရင် ၀ုတ်တောက်ပေါ့" တဲ့။

No comments:

Post a Comment