တစ်ခါတုန်းက ကိုအ နဲ့ မယ်အ ဆိုတဲ့လင်မယားနှစ်ယောက်ရှိတယ်။ တစ်နေ့ကျတော့ ကိုအ တစ်ယောက် ကိစ္စတစ်ခုနဲ့မြို့ကိုတက်လာပါတယ်။ မြို့ကိုရောက်တော့ လမ်းတစ်နေရာမှာ ဈေးသည်တစ်ယောက်ကိုတွေ့တယ်။ အဲဒီ့ ဈေးသည်ရောင်းတဲ့ပစ္စည်းကတော့ အုန်းသီးတွေကို အခွံချွတ်ပြီးရောင်းနေတာပါ။
ဒါပေမယ့် ဈေးသည်တို့ထုံးစံအတိုင်း ရောင်းကောင်းအောင် သူ့အုန်းသီးအခွံချွတ်ပြီးသားတွေကို “လိပ်ဥ” ဆိုပြီးအော်ရောင်းသတဲ့။
ဒါကို ကိုအ ကလည်း တကယ့်လိပ်ဥထင်ပြီး ရွာကိုဝယ်သွားတယ်။ ဈေးသည်ကလည်း ဒါကဥကနေပေါက်တဲ့ ဆင်အမျိုးအစားဖြစ်တာကြောင့် ၀ယ်သွားပြီး အိမ်ကိုရောက်တဲ့အခါ ၀ပ်ပေးရင် ဆင်ကောင်လေးတွေ ပေါက်လာလိမ့်မယ်လို့မှာလိုက်တယ်။
ဒီလိုနဲ့ ကိုအ အိမ်ကိုပြန်ရောက်တဲ့အခါ သူမိန်းမ မသိအောင် နေ့တိုင်းအခန်းထဲ ၀င်ပြီးဝပ်ပေးတာပေါ့။ တစ်နေ့တော့ သူမိန်းမက မသင်္ကာလို့လိုက်ချောင်းတဲ့အခါ ကိုအ ဆင်ဥတွေကိုဝပ်နေတာနဲ့ ပက်ပင်းတိုးပါလေရော။
အဲဒီ့အခါမှာ ကိုအ မိန်းမက “ရှင် ဒါဘာလုပ်နေတာလည်း” ဆိုပြီးမေးတယ်။
ကိုအ ကလည်း “တိုးတိုးပြောစမ်းပါမိန်းမရယ် သူများတွေကြားသွားပါဦးမယ်” လို့ပြောပြီး အကြောင်းစုံကို ရှင်းပြပြီး “မင်း မယုံရင် ကြည့်ကြည့်ပါလား” လို့ပြောလိုက်တော့ မယ်အ ကလည်း ကိုအ ရဲ့ပုဆိုးကိုလှန်ကြည့်ပြီး ပြောလိုက်တာကတော့ “ဟယ် ဟုတ်ပါရဲ့ နှာမောင်းလေးတောင် ထွက်နေပြီ” တဲ့။
No comments:
Post a Comment