Tuesday, January 17, 2012

လွှတ်ပေးလိုက်မယ်


..နေရာတကာ စွာကျယ်စွာကျယ် ဝင်လုပ်နေသည့် ယောက္ခမကို ကိုမြက် သည်းမခံနိုင်တော့သည်နှင့် တစ်နေ့တွင် ယောက္ခမ၏ ခြေထောက်နှစ်ဘက်ကို
ဆွဲကိုင်ကာ ကိုးထပ်တိုက်ခန်း ပြတင်းပေါက်၏ အပြင်ဘက်သို့ ထုတ်လိုက်သည် ။
...ခေါင်းအောက်စိုက် ဖြစ်နေသော ယောက္ခမနှင့် ကိုမြက်အကြား စကားပြောခန်း
မှာ ဤသို့ဖြစ်သည် ။


“ တစ်အိမ်ကျော်က ကိုမင်း သူ့ယောက္ခမကို ဘာလုပ် လိုက်တယ်ဆိုတာ
သိလား..၊”

ယောက္ခဖြစ်သူ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေသည် ။“ ဟင့်အင်း”

“ယောက္ခမကို ကိုမင်း ပေါက်ဆိန်နဲ့ခုတ်သတ်လိုက်တယ်ဗျ..၊
အောက်ထပ်က ကိုကြည်သာ ကျတော့ သူ့ယောက္ခမကို ဘယ်လို လုပ်လိုက်သလဲ သိလား..၊”

“ ဟင့်အင်း”
“ သူ့ယောက္ခမ ကို ရေနစ် သတ်ပစ်လိုက်တယ် ။
အဲ....ကျွန်တော်ကတော့စိတ်ကောင်းရှိတဲ့လူ ။
ဒါကြောင့် အန်တီကို ကျွန်တော် လွှတ်ပေးလိုက်မယ် ။
ကိုင်း...သွားပေတော့..”

No comments:

Post a Comment