Tuesday, January 17, 2012

"ငပျင်း ''


သူက ပိုပျင်းသည်၊ ငါက ပိုပျင်းသည်နှင့် လူနှစ်ယောက် အငြင်းပွားနေကြသည်။
တယောက်က...

''မနေ့ကဒေါ်လာ ၁ဝဝ လမ်းမှာကျနေတာ ငါတွေ့လိုက်တယ်၊ ဒါပေမယ့်..
...မကောက်လိုက်ဘူး၊ ..ပျင်းလို့..''

ကျန်တယောက်က အားကျ မခံ...

''ညက ငါရုပ်ရှင် သွားကြည့်တယ်၊ ရုံထဲမှာ ၂ နာရီ တိတိ ငါအော်နေခဲ့တယ်''

''ပျင်းတာနဲ့ အော်တာနဲ့ ဘာဆိုင်လို့လဲ''

“သိပ်ဆိုင်တာပေါ့၊ ခေါက်ကုလားထိုင်ကို ဆွဲပြီး အထိုင်လိုက်မှာ..
ငါ့ ဟိုသင်း ထိုင်ခုံနဲ့ ညပ်သွားတယ်၊ ထ.ရမှာ ပျင်းတော့ အော်ပဲနေရတော့တာပေါ့''

No comments:

Post a Comment