လူအတော်အသင့်ရှိတဲ့ အရက်ဘားတစ်ခုထဲကို မိန်းကလေးတစ်ယောက် ၀င်လာတယ်။ ဘီယာတစ်ခွက်မှာပြီးတစ်ယောက်ထဲထိုင်သောက်နေတယ်။ ခဏနေတော့ ကောင်လေးတစ်ယောက်လာပြီး မိတ်ဆက်ပါလေရော
"နေကောင်းလား.. မင်းနာမယ်ဘယ်လိုခေါ်လဲ"..
ဒါနဲ့ကောင်မလေးလဲ ကောင်လေးရဲ့ အမေးကို ချက်ချင်းဖြေပေးလိုက်တယ်
"ရှင် ကျမကို ဘယ်လို အတန်းအစားထဲက ထင်လို့လဲ... ဘာကိစ္စရှင်နဲ့ ဟိုတယ်လိုက်အိပ်ရမှာလဲ"
ဆိုပြီး တော်ရုံကျယ်တဲ့အသံနဲ့ အော်ပြောလိုက်လေရဲ့.. ဘားတစ်ခုလုံးရဲ့ အကြည့်တွေဟာ ရဲနေတဲ့မျက်နာနဲ့ ကောင်လေးဆီမှာပေါ့.. ဘာမှ မပြောသာတဲ့ကောင်လေးလဲ ကိုယ့်နေရာကိုယ်ပြန်ပြီး ထိုင်နေလေရဲ့.. ခဏလဲနေရော ခုနှကကောင်မလေးဟာ ကောင်လေးဆီကို ပြန်လာပြီး ဒီလိုပြောပြတယ်..
"ဒီမယ်.. ရှင်စိတ်ဆိုးသွားလား.. တကယ်တော့ ကျမက စိတ်ပညာ နောက်ဆုံးနှစ်ကျောင်းသူပါ.. ယျောင်္းလေးတွေရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ စိတ်နဲ့ အမူအယာတွေကို လေ့လာချင်လို့ ဒီလိုလုပ်လိုက်တာပါ"
ဆိုတဲ့စကား ဆုံးဆုံချင်းပဲ ကောင်လေးပြန်ပြောလိုက်ပုံက ....
"ဘာ!!!! ဒေါ်လာ ၅၀၀.. ဟုတ်လား?? နင်အဲလောက်ဈေးကြီးမှန်းငါဘာ့ကြောင့်မခန့်မှန်းမိတာပါ့လိမ့်" လို့အော်ပြီးပြောလိုက်လေရဲ့...
No comments:
Post a Comment