တစ်ခါကအပျိုကြီးနှစ်ယောက်ဟာ လင်အရမ်းလိုချင်နေတယ်တဲ့။ လင်ရတဲ့အရသာကိုလည်းအရမ်းသိချင်နေကြတယ်။
ဒါနဲ့ အပျိုကြီးနှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်လင်ရခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် အကြောင်းကြားဖို့ ကတိပြုကြတယ်။
အပျိုကြီးတစ်ယောက်ဟာ လင်ရသွားတယ်။ ဒါနဲ့ နောက်တစ်ယောက်ဆီ လင်ရတဲ့ အရသာကို စာရေးပြီးအကြောင်းကြားလိုက်တယ်။
စာထဲမှာက “လင်ရတာ ချန်ဂီ လေဆိပ်ကြီး လိုပါပဲ” လို့ရေးပေးလိုက်တယ်။
နောက်အပျိုကြီးကစာထဲကအကြောင်းကို နားမလည်ဘူးဖြစ်နေတယ်။ ဒီလိုနဲ အဲဒီ အပျိုကြီးလည်းယောင်္ကျားရသွားတယ်။
ဒီတော့ ပထမ အပျိုကြီးဆီကို စာပြန်ရေးတယ်။
စာထဲမှာက “ယောင်္ကျားရတာ ကော်ဖီတစ်ခွက်လို ပါပဲ ” လို့ စာထဲမှာရေးပေးလိုက်တယ်။
ပထမ အပျိုကြီးလည်း စာထဲက အကြောင်းကို နားမလည်ဘူး။
ဒီလိုနဲ့ အပျိုကြီးနှစ်ယောက် ပြန်ဆုံတော့ စာထဲက အကြောင်းကို တစ်ယောက်နဲ့ တစ်ယောက် ပြန်မေးကြတယ်။
ပထမ အပျိုကြီးက “လင်ရတာ ချန်ဂီ လေဆိပ်ကြီး လိုပါပဲ ” ဆိုတာ “ စက္ကန့်တိုင်းမှာ အ၀င် အထွက် ရှိတယ် ” ဟူ၏။
ဒုတိယ အပျိုကြီးက “ယောင်္ကျားရတာ ကော်ဖီတစ်ခွက်လို ပါပဲ ” ဆိုတာ “ နောက်ဆုံး တစ်စက်ကျန်တဲ့ အထိ အရသာ ရှိတယ် ” ဟူသတည်း။
No comments:
Post a Comment